Wednesday, June 26, 2013

" Huawei Firmware များစုစည်းမှု"



Y210-0010

Y210C (Y210-2010)

Y210S (C8685)

Y220T

(mediafireမှာ...တင်ထားပြီးသလောက်...မျှဝေလိုက်တာပါ...ဆက်ပြီးတင်ပေးသွားပါဦးမယ်။)

Friday, June 21, 2013

"Java Beginner Tutorial Videos"


thenewboston.org မှ ရုပ်သံ သင်ခန်းစာများဖြစ်သော java beginner သင်ခန်းစာများကို mediafire မှာ
စုစည်းပေးထားတာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ.....လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

Download


Thursday, June 20, 2013

"Facebook မှာ သူငယ်ချင်းအချင်းချင်း file size up to 1GB အထိ share လို့ရတဲ့ Pipe App"

facebook မှာ သူငယ်ချင်းအချင်းချင်း file share ချင်ရင် လွယ်ကူ မြန်ဆန်ပြီး...1GB အထိ file size ကြီးလို့ရတဲ့ pipe ဆိုတဲ့ facebook app လေး အသုံးပြုနည်းကို...တင်ပြပါရစေ။

ပထမဆုံး facebook ရဲ့ search box မှာ ဒီလိုရိုက်ရှာပြီး...နှိပ်လိုက်ပါ။


ပြီးရင် ခဏစောင့်ပြီး ဒီလိုပေါ်လာရင် okay လိုက်ပါ။
 (Credit: Screenshot by Nicole Cozma/CNET)


ဒီလိုပေါ်လာတဲ့အခါ ကိုယ်ပို့ချင်တဲ့ သူငယ်ချင်းကိုရွေးပါ။ ပြီး ရင်ပိုက်လုံးအ၀ကို နှိပ်ပြီး ကိုယ်ပို့ချင်တဲ့file(ကိုယ့်စက်ထဲကfile)ကို ရွေးပြီး send လိုက်ရုံပါပဲ။file အကြီးအသေးအပေါ်မူတည်ပြီး
ကြာချိန်ကွာပါမယ်။



(Credit: Screenshot by Nicole Cozma/CNET)
 
ကိုယ်ပို့ချင်တဲ့ သူငယ်ချင်းက...online ဆို ဒီလိုပြမှာဖြစ်ပြီး
 (Credit: Screenshot by Nicole Cozma/CNET)

ကိုယ်ပို့ချင်တဲ့ သူငယ်ချင်းက..offline ဆိုရင် ဒီလိုပြမှာပါ။





(Credit: Screenshot by Nicole Cozma/CNET)


ငလူ
(အားလုံး အဆင်ပြေကြပါစေ)

//Ref:How to transfer large files on Facebook with pipe by Nicole Cozma




Thursday, June 13, 2013

C8813D Root (CWM၊Root၊ Google App) using C8813D one key tool

အခု ရေးမယ့်အကြောင်းအရာများဟာ....C8813D CDMA+GSM နှစ်ကဒ်စိုက် အတွက်သာ ဖြစ်ပါတယ်။

c8813(cdma only)နှင့် c8813Q တို့အတွက် မဟုတ်ပါ။


ကျွန်တော်စမ်းပြီးလုပ်ကြည့်ပြီးတာဖြစ်တဲ့အတွက်...ဒီပို့လေးကို တင်တာပါ....။

ဒါပေမဲ့...မထင်မှတ်သော...နောက်ဆက်တွဲ ပြဿနာများကိုတော့....တာဝန်ယူမည် မဟုတ်ပါ။

ပထမဆုံး one key tool ကို...အသုံးမပြုခင်....C8813D ကို....Bootloader unlock အရင်လုပ်ရပါမယ်။
Huawei unlock code မတောင်းတတ်သေးသူများ..........
 ဒီမှာကြည့်နိုင်ပါတယ်
->

Huawei Unlock Bootloader

Unlcok code ရပြီးသားသူများကတော့ Huawei Unlock tool ကို ဒီမှာ ဒေါင်းပြီး Bootloader unlock လုပ်ပါ။

ပြီးရင် C8813D one key tool ကို ဒေါင်းပါ။
C8813D One Key Tool

C8813D ကို CWM(custom recovery) တင်ဖို့အတွက် <volume down>+<power> တွဲနှိပ်ပြီး fastboot mode ၀င်ပါ။
(Driver မရှိတဲ့သူများအတွက် huawei usb driver ကို ဒီမှာဒေါင်းပါ )
 ပြီးရင် ဖုန်းကို computer နဲ့ချိတ်ဆက်ပြီး Fig 01 မှာ ပြထားတဲ့ Button ကို နှိပ်ပြီး ခဏစောင့်ပါ။
Reboot ကျသွားပြီးပြန်တက်လာရင် cwm သွင်းပြီးပြီဖြစ်ပါတယ်။
fig 01:>

Root လုပ်ရန် အတွက် ဒီဖိုင်လေးကို ဒေါင်းပြီး sd card ထဲထည့်တားပါ။
C8813D root zip

ပြီးရင် CWM mode ၀င်ပါ။(<volume up>+<power>)
fig 02 မှာ ပြထားတဲ့အတိုင်း ရောက်သွားတယ် ဆိုရင် SD ဆိုတဲ့စာလုံးပါတဲ့ဒုတိယစာကြောင်းကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးရွေးပေးပါ။ နောက်တစ်မျက်နာ ရောက်သွားတဲ့အခါမှာ SD ရယ် zip ရယ် ပါတဲ့ ပထမဆုံးစာကြောင်းကို ရွေးပေးပါ။ပြီးရင် sd card ထဲမှာ ထည့်ထားခဲ့ထဲ့ Root.zip ဖိုင်ကို ရွေးပြီးသွင်းပေးပါ။ သွင်းတာပြီးသွားပြီဆိုရင် အောက်ဆုံးစာကြောင်းတွေကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးပထမဆုံးစာမျက်နာ ကိုရောက်အောင်ပြန်သွားပါ။ ပြီးရင်း ပထမဆုံးစာကြောင်းကို ရွေးပေးလိုက်ပါ၊ reboot ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ super user ပေါ်နေတာကို တွေ့ရပါမယ်။

fig 02:>



Google app သွင်းဖို့အတွက် ဒီzipဖိုင်လေးကိုဒေါင်းပြီး အထက်မှာပြခဲ့ Root.zip ကိုသွင်းသလိုပဲ...
CWM ကနေသွင်းပါ။

Google App zip


အားလုံးအဆင်ပြေကြပါစေ။။။။။
ငလူ(Amara Super)
မှတ်ချက်။    ။ကူးယူမျှဝေချင်တယ်ဆိုရင်တော့...credit ပေးဖို့မမေ့နဲ့နော်...။










"Huawei Bootloader Unlock Code တောင်းနည်း"

Boot loader unlock လုပ်ဖို့အတွက်...ဒီကိုသွားပါ..။
Huawei Unlock

ပထမဆုံး အနေနဲ့ ပုံမှာ ပြထားတဲ့အတိုင်း လုပ်ပါ။

်fig 01:>

ပြီးရင် fig 02 က အနီရောင်ဘောင်ခတ်ထားတဲ့ အကွက်ထဲမှာ....ကိုယ့်ရဲ့ mail လိပ်စာကို ထည့်ပါ။
ဥပမာ ngaluu****@gmail.com

်fig 02:>
နောက်ပြီး fig 03 မှာပြထားတဲ့အတိုင်း ဒုတိယအကြောင်းမှာရှိတဲ့ combo box က ဒုတိယစာကြောင်းကို
ရွေးပါ။
်fig 03:>

နောက်ထပ်ရွေးရမှာ ကတော့...ကိုယ် unlock လုပ်ချင်တဲ့ ဖုန်းmodel ကို....fig 04 မှာ ပြထားတဲ့အတိုင်းရွေးပါ။
fig 04:>

ကိုယ်ရွေးလိုက်တဲ့ model ကို မူတည်ပြီး fig 05 မှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်အလိုက်ဖြည့်ရပါမယ်။
အချို့model တွေမှာ....အမှတ်စဉ် 3 ဟာ မှိန်နေပြီး...ဖြည့်စရာ မလိုပါဘူး။

အမှတ်စဉ် (1) ကို ဖြည့်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ပြီး နောက်အဖုံးခွံကို ခွာကြည့်ပါ။ S/N ကို ရှာကြည့်ပြီး တစ်လုံးမကျန်မှန်အောင်ရိုက်ထည့်ပါ။

အမှတ်စဉ်(2) ကို ဖြည့်ဖို့အတွက်  ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုနှိပ်ပြီး ပေါ်လာတဲ့ IMEI/MEIDတစ်ခုခုကို ကြည့်ပြီး ဖြည့်ပေးပါ။(တစ်လုံးမှလွဲလို့မရပါ)

အမှတ်စဉ်(၃) ကို ဖြည့်ဖို့အတွက် ဖုန်းခေါ်တဲ့နေရာမှာ *#*#1357946#*#* ကိုနှိပ်ပြီး ပေါ်လာတဲ့ နံပါတ်လေးတွေကို မှန်အောင်ဖြည့်ပေးပါ။


fig 05:>

အားလုံးပြီးရင်း အနီရောင်ခလုတ်လေးကို နှိပ်ပြီး fig 06 မှာပြထားတဲ့အတိုင်း ပေါ်ရင် unlock code တောင်းတာအောင်မြင်သွားပြီဖြစ်ပါတယ်၊
Huawei ကနေform မှာဖြည့်ခဲ့တဲ့ email လိပ်စာဆီကို ရက်အနည်းငယ်အတွင်းမှာ ငွေဖြည့်ကဒ်က နံပါတ်လို unlock code ကို ပို့ပေးမှာဖြစ်ပါတယ်။

fig 06:>