Wednesday, August 28, 2013

"V Root 1.6.0 with Myanmar Language"

မနေ့က mobileitnew.blogspot.com/2013/08/vroot-english-version-160.html မှာ V Root
English version share ထားတာတွေ့ပါတယ်။ အခု မြန်မာလိုပေါ်အောင်...ကြိုးစားကြည့်ထားပါတယ်။
တစ်ခါမှ...မသုံးဖူးသေးသူများနဲ့....မြန်မာစာကို..ချစ်မြတ်နိုးသူများအတွက်...ရယ်ရွယ်ပါတယ်..။100%တော့
မြန်မာလိုလုပ်မထားပါဘူး...။ကျွန်တော်..ပြောတဲ့အတိုင်း..စမ်းကြည့်ပြီး...အဆင်မပြေတာများ...အမှားများကို
ထောက်ပြပြီး...အကြံပေးကြပါဦး....။
ကျွန်တော်ပြင်ထားတာတွေဟာ...vroot ရဲ့...rooting လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့...Script များကို..လုံးဝ
မထိထား..မပြင်ထားပါ။(ပြင်လည်းမပြင်တတ်သေးပါ။ :P ) အပ်ါယံပိုင်း...UI font ကိုသာ...ပြင်ကြည့်ထား
ခြင်းဖြစ်ပါတယ်။(ကလိတတ်သောသူတိုင်း...ကြည့်တာနဲ့သိနိုင်ပါတယ်)။


ဒါကြောင့် root လုပ်ရင်းဖြစ်တတ်သော နောက်ဆက်တွဲပြဿနာများကို...တာဝန်မယူပါ။

ပထမဆုံး...font တစ်ခုကို...installလုပ်ရပါမယ်။အဲဒီ font ဟာ...WinInnwa.ttfကို...ကျွန်တော်ကလိထား
တာပါ..။(Credit to WinMyanmar)

vrfont download

vrfont.ttf ကို...ပုံမှာပြထားတဲ့အတိုင်းကိုယ့်စက်ထဲမှာ...အရင်သွင်းလိုက်ပါ။

 ပြီးရင်...အောက်မှာပေးထားတဲ့vroot english version လေးကိုဒေါင်းပြီးသွင်းလိုက်ပါ။


ကျွန်တော့်ရဲ့မြန်မာဘာသာပေါ်အောင်လုပ်တဲ့နည်းက...ရိုးရိုးလေးပါ...မူရင်း rootres.zip နေရာမှာ
ကျွန်တော်ပြင်ထားတဲ့ rootres.zip ကိုအစားထိုးတဲ့နည်းလေးပါ။ကျွန်တော်ပြောချင်တာက....
တကယ်လို့...vroot 1.6 Chinese version သွင်းပြီးသားဆိုရင်လည်း...vroot eng version ကိုမသွင်းပဲ
အောက်မှာပြထားတဲ့အဆင့်ကို..စမ်းကြည့်စေချင်ပါတယ်...။အဆင်မပြေမှ...eng version ကိုသွင်းပြီး
ထပ်စမ်းကြည့်ပါခင်ဗျာ။

rootres.zip download

down လို့ရလာတဲ့ rootres.zip ကို..အောက်မှာပြထားတဲ့အတိုင်း...vroot install လုပ်ထားတဲ့နေရာ
မှာ အစားထိုးထည့်လိုက်ပါ။
အစားထိုးတာပြီးသွားပြီဆိုရင်တော့...စမ်းပြီး...run ကြည့်လိုက်ပါခင်ဗျာ။။။။။။။
အောက်မှာ..ပြထားတဲ့အတိုင်းသာပေါ်လာရင်တော့...အဆင်ပြေပါပြီခင်ဗျာ။။။။။။။

ကျေးဇူးတင်ပါတယ်..ခင်ဗျာ....
ငလူ(at Amara Super Mobile)


 

Thursday, August 15, 2013

C8813 Root (CWM၊Root၊ Google App) using C8813 one key tool

အခု တင်ပြမယ့်အကြောင်းအရာများဟာ....C8813 (CDMA only) တစ်ကဒ်စိုက် အတွက်သာ ဖြစ်ပါတယ်။

c8813Dနှင့် c8813Q တို့အတွက် မဟုတ်ပါ။


ကျွန်တော်စမ်းပြီးလုပ်ကြည့်ပြီးတာဖြစ်တဲ့အတွက်...ဒီပို့လေးကို တင်တာပါ....။

ဒါပေမဲ့...မထင်မှတ်သော...နောက်ဆက်တွဲ ပြဿနာများကိုတော့....တာဝန်ယူမည် မဟုတ်ပါ။

ပထမဆုံး one key tool ကို...အသုံးမပြုခင်....C8813 ကို....Bootloader unlock အရင်လုပ်ရပါမယ်။
Huawei unlock code မတောင်းတတ်သေးသူများ..........
 ဒီမှာကြည့်နိုင်ပါတယ်
->

Huawei Unlock Bootloader

Unlcok code ရပြီးသားသူများကတော့ Huawei Unlock tool ကို ဒီမှာ ဒေါင်းပြီး Bootloader unlock လုပ်ပါ။

ပြီးရင် C8813 one key tool ကို ဒေါင်းပါ။
C8813 One Key Tool

C8813 ကို CWM(custom recovery) တင်ဖို့အတွက် <volume down>+<power> တွဲနှိပ်ပြီး fastboot mode ၀င်ပါ။
(Driver မရှိတဲ့သူများအတွက် huawei usb driver ကို ဒီမှာဒေါင်းပါ )
 ပြီးရင် ဖုန်းကို computer နဲ့ချိတ်ဆက်ပြီး Fig 01 မှာ ပြထားတဲ့ Button ကို နှိပ်ပြီး ခဏစောင့်ပါ။
Reboot ကျသွားပြီးပြန်တက်လာရင် cwm သွင်းပြီးပြီဖြစ်ပါတယ်။
fig 01:>

Root လုပ်ရန် အတွက် ဒီဖိုင်လေးကို ဒေါင်းပြီး sd card ထဲထည့်တားပါ။
C8813 root zip

ပြီးရင် CWM mode ၀င်ပါ။(<volume up>+<power>)
fig 02 မှာ ပြထားတဲ့အတိုင်း ရောက်သွားတယ် ဆိုရင် SD ဆိုတဲ့စာလုံးပါတဲ့ဒုတိယစာကြောင်းကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးရွေးပေးပါ။ နောက်တစ်မျက်နာ ရောက်သွားတဲ့အခါမှာ SD ရယ် zip ရယ် ပါတဲ့ ပထမဆုံးစာကြောင်းကို ရွေးပေးပါ။ပြီးရင် sd card ထဲမှာ ထည့်ထားခဲ့ထဲ့ Root.zip ဖိုင်ကို ရွေးပြီးသွင်းပေးပါ။ သွင်းတာပြီးသွားပြီဆိုရင် အောက်ဆုံးစာကြောင်းတွေကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးပထမဆုံးစာမျက်နာ ကိုရောက်အောင်ပြန်သွားပါ။ ပြီးရင်း ပထမဆုံးစာကြောင်းကို ရွေးပေးလိုက်ပါ၊ reboot ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ super user ပေါ်နေတာကို တွေ့ရပါမယ်။

fig 02:>



Google app သွင်းဖို့အတွက် ဒီzipဖိုင်လေးကိုဒေါင်းပြီး အထက်မှာပြခဲ့ Root.zip ကိုသွင်းသလိုပဲ...
CWM ကနေသွင်းပါ။

Google App zip


အားလုံးအဆင်ပြေကြပါစေ။။။။။
ငလူ(@Amara Super)
မှတ်ချက်။    ။ကူးယူမျှဝေချင်တယ်ဆိုရင်တော့...credit ပေးဖို့မမေ့နဲ့နော်...။

Tuesday, August 6, 2013

"ZawGyi"

"ZawGyi"

ဇော်ဂျီ။
ဇော်ဂျီရေ.....။
ဇော်ဂျီဆိုတာ
"ဆရာဇော်ဂျီ"ကို အော် ခေါ်နေတာ မဟုတ်။
အများ "ဇော်ဂျီ"နေတဲ့
Font  "ဇော်ဂျီ" ရေ......။

"ဇော်ဂျီ"ကို ကျွန်တော် သုံးတယ်
"ဇော်ဂျီ"ကို ကျွန်တော် မမုန်းဘူး။

"ဇော်ဂျီ"ကို ကျွန်တော် ချစ်တယ်
"ဇော်ဂျီ"ကို ကျွန်တော် မပစ်ဘူး။
(မပစ်ချင်ဘူး)

ဒါပေမဲ့ သို့သော် ဒါပေမဲ့ ပေါ့လေ။
ကျွန်တော့် Android OS သုံး Tablet နဲ့ Phone အစုတ်လေးထဲက
("ဇော်ဂျီ" ရဲ့ အကအလှတွေပါတဲ့)
စာမျက်နှာတွေကိုတော့
မူလတန်း တက်နေတဲ့ ကျွန်တော့်ညီလေးတွေကို ပေးမဖတ်ရဲဘူး။
သူတို့လေးတွေ စာလုံးပေါင်း မှားဖတ်ကုန်မှာစိုးလို့.................
...........................................။

ငလူ
(၆.၈.၂၀၁၃)