Saturday, September 7, 2013

"Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"

Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။

recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။


အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။

အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build number တွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။

ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။


ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။


G610-U00 CWM Recovery (dropbox)
G610-U00 CWM Recovery (mediafire)

Mobileuncle tool.apk (dropbox)
Mobileuncle tool.apk (mediafire)


ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး...fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

fig 01=>

fig 02=>

fig 03=>

fig 04=>


 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။

cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့...အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က...အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။



အားလုံးအဆင်ပြေကြပါစေ
ငလူ














33 comments:

  1. CWM သွင်းထားပြီး Logo မှာတင်ရပ်နေပါတယ် ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  2. Rom အသစ်လဲ တင်ပြီးပါပြီ မရပဲ Recovery ထဲကိုသာရောက်နေပါတယ်

    ReplyDelete
  3. အခုမှတွေ့တယ်အကို...အဆင်ပြေသွားပြီလားခင်ဗျ

    ReplyDelete
  4. အားလုံးထည့်ပြီးပြီ Recovery Update ထဲဝင်လိုက်တော့ အဲ့ Recovery img ဆိုတာတွေ့ရဖူး ဘာဖြစ်သွားတာလဲဟင် လုပ်ပါအုံးဗျာ.. :( :(

    ReplyDelete
  5. တော်သေးတရ်ဗျာ ရသွားပြီ ကျေးဇူးတင်ပါတရ်ဗျ ချွေးတောင်တော်တော်ပျံသွားတရ်ဗျာ ကျေးဇူးပဲ

    ReplyDelete
    Replies
    1. ဘယ်လိုရတာလဲနည်းနည်းလောက်ပြောပြပါလား ဒီမှာလဲမပေါ်လို့

      Delete
  6. G610_C00 အတွက် img ဖိုင်လိုချင်ပါတယ်...အဆင်ပြေမယ်ဆိုရင်ပေါ့

    ReplyDelete
  7. http://amarasuper.blogspot.com/2013/11/g610-u00stockrecoveryinstallerb138.html

    ReplyDelete
  8. recovery mode ကို တက်မလာတာ ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  9. 610 ဖုန်းကသောက်စုတ်....custom rom တင်လိုက်တာ..recovery လဲတက်မလာတော့ဘူး
    fastboot ကနေလဲဘာမှလုပ်လို့မရတော့ဘူး...pink screen လဲမရတော့ဘူး....ဘယ်လိုနည်းနဲ့firmware တင်ရမလဲပြောကြပါဦး box နဲ့နှိုးတော့လဲမရ

    ReplyDelete
  10. ဒေါသမကြီးပါနဲ့အကိုpreloader သိသေးရင် sp tool နဲ့ပြန်ကယ်ရင်ရနိုင်ပါသေးတယ်ဗျ.... ဘယ်box နဲ့များနှိုးတာလဲအကို....

    ReplyDelete
  11. C8813D CWM recovery img file အမြန်​လို​နေပါတယ်​ ခင်​ဗျား တင်​​ပေးပါ​နော်

    ReplyDelete
  12. ကျွန်တော့် Mail ထဲကိုပို့ပေးပာနော်
    C8813D CWM recoveryimg ကို

    ReplyDelete
  13. i neeed cwm recovery for g610-20 v116

    ReplyDelete
  14. ကျွန်တော့ဖုန်းက call ရော contact ရော ပျောက်သွားတယ်
    ဘယ်လိုလုပ်ရမလဲ၊ firmware ဒေါင်းတာလဲ ၇၅% လောက်ဆိုရပ်သွားတယ် resume လဲမရဘူး ကူညီပါအုံး

    ReplyDelete
    Replies
    1. ခြားထဲက၀င်ဖြေပေးပါ့မယ်ဗျာ
      Setting apps ထဲက menu keyကို နိပ်
      reset app preference ကို နိပ်ရင် အကို call contant ပြန်ရောက်လမယ်

      Delete
    2. This comment has been removed by the author.

      Delete
  15. လုပ်ကြည့်လိုက်တာ restart လည်းကျပီးရော ပြန်မတတ်တော့ဘူး huawei g610-u00 ပါ... power ဖွင့်လိုက်တာနဲ့ အဖြူရောင် screen မှာ 3G ဆိုပီး logo ပေါ်တယ်... ပီးတော့ ဘာမှမတတ်လာတော့ဘူး... preloader သိသေးပါတယ် sp tool နဲ့ပြန်ကယ်ရင်ရနိုင်ပါသေးတယ်လို့ အပေါ်မှာရေးထားတာတွေ့လို့ ဘယ်လိုလုပ်ရမလဲ မသိဝူးးးး အကူညီလေးပေးပါလားခင်ဗျား :(

    ReplyDelete
  16. Please give me miui recovery.img

    ReplyDelete
  17. recovery ထဲလည်းဝင်မရ ...firmware လဲတင်မရနဲ့...
    ဘယ်လိုလုပ်ရမလဲဗျ

    ReplyDelete
  18. အကို build number B145 အတွက်ရှိရင်တင်ပေးပါလား ကျေးဇူးပါ.. :)

    ReplyDelete
  19. i can`t enter recovery in g610-u00 i try a lot of method but it was restart automatically when i enter recovery mode plz help me

    ReplyDelete
  20. အကိုရေ ကူညီပါအုန်း G610-U00 Bootloader Unlock ဘယ်လိုလုပ်ရတယ်ဆိုတာရှင်းပြပေးပါအုန်း ကျွန်တော်ရှာတာလည်းနှံ့နေပြီ

    ReplyDelete
  21. recover.img ဆိုတဲ့ဟာဘယ်လိုကူးလဲ မပေါ်ဘူး recover updateမှာ

    ReplyDelete
  22. Compass သုံးလိုမရဘူး​ပြော​​ပေးအုံ

    ReplyDelete
  23. အကို​ရေ recovery mode မ​ရောက်​ပဲ reseကျကျသွားတယ်​ဘယ်​လိုလုပ်​ရမလဲကူညီပါအုံး

    ReplyDelete
  24. b958 ကို cwm တင်လို့ရတဲ့နည်းလေးရှိရင် ပြောပြပေးပါဦးဗျာ။

    ReplyDelete
  25. b958 ကို cwm တင်လို့ရတဲ့နည်းလေးရှိရင် ပြောပြပေးပါဦးဗျာ။

    ReplyDelete
  26. မသိရင်​လာခဲ့​ကောလင်းကိုသင်​​ပေးမယ်

    ReplyDelete
  27. မသိရင်​လာခဲ့​ကောလင်းကိုသင်​​ပေးမယ်

    ReplyDelete
  28. B958 ကျတော်လဲ MTK Tool နဲသွင်းကြည့်ဖူးတယ် မရဘူး flash firmware B541 တင်ပြီးသွင်းတော့ရတယ် B958 အတွက် ဆရာတင်ပေးပါအုံး

    ReplyDelete