Showing posts with label Android Rooting. Show all posts
Showing posts with label Android Rooting. Show all posts

Thursday, June 13, 2013

C8813D Root (CWM၊Root၊ Google App) using C8813D one key tool

အခု ရေးမယ့်အကြောင်းအရာများဟာ....C8813D CDMA+GSM နှစ်ကဒ်စိုက် အတွက်သာ ဖြစ်ပါတယ်။

c8813(cdma only)နှင့် c8813Q တို့အတွက် မဟုတ်ပါ။


ကျွန်တော်စမ်းပြီးလုပ်ကြည့်ပြီးတာဖြစ်တဲ့အတွက်...ဒီပို့လေးကို တင်တာပါ....။

ဒါပေမဲ့...မထင်မှတ်သော...နောက်ဆက်တွဲ ပြဿနာများကိုတော့....တာဝန်ယူမည် မဟုတ်ပါ။

ပထမဆုံး one key tool ကို...အသုံးမပြုခင်....C8813D ကို....Bootloader unlock အရင်လုပ်ရပါမယ်။
Huawei unlock code မတောင်းတတ်သေးသူများ..........
 ဒီမှာကြည့်နိုင်ပါတယ်
->

Huawei Unlock Bootloader

Unlcok code ရပြီးသားသူများကတော့ Huawei Unlock tool ကို ဒီမှာ ဒေါင်းပြီး Bootloader unlock လုပ်ပါ။

ပြီးရင် C8813D one key tool ကို ဒေါင်းပါ။
C8813D One Key Tool

C8813D ကို CWM(custom recovery) တင်ဖို့အတွက် <volume down>+<power> တွဲနှိပ်ပြီး fastboot mode ၀င်ပါ။
(Driver မရှိတဲ့သူများအတွက် huawei usb driver ကို ဒီမှာဒေါင်းပါ )
 ပြီးရင် ဖုန်းကို computer နဲ့ချိတ်ဆက်ပြီး Fig 01 မှာ ပြထားတဲ့ Button ကို နှိပ်ပြီး ခဏစောင့်ပါ။
Reboot ကျသွားပြီးပြန်တက်လာရင် cwm သွင်းပြီးပြီဖြစ်ပါတယ်။
fig 01:>

Root လုပ်ရန် အတွက် ဒီဖိုင်လေးကို ဒေါင်းပြီး sd card ထဲထည့်တားပါ။
C8813D root zip

ပြီးရင် CWM mode ၀င်ပါ။(<volume up>+<power>)
fig 02 မှာ ပြထားတဲ့အတိုင်း ရောက်သွားတယ် ဆိုရင် SD ဆိုတဲ့စာလုံးပါတဲ့ဒုတိယစာကြောင်းကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးရွေးပေးပါ။ နောက်တစ်မျက်နာ ရောက်သွားတဲ့အခါမှာ SD ရယ် zip ရယ် ပါတဲ့ ပထမဆုံးစာကြောင်းကို ရွေးပေးပါ။ပြီးရင် sd card ထဲမှာ ထည့်ထားခဲ့ထဲ့ Root.zip ဖိုင်ကို ရွေးပြီးသွင်းပေးပါ။ သွင်းတာပြီးသွားပြီဆိုရင် အောက်ဆုံးစာကြောင်းတွေကို volume ခလုတ်ကိုနဲ့သွားပြီး power ခလုတ်ကိုသုံးပြီးပထမဆုံးစာမျက်နာ ကိုရောက်အောင်ပြန်သွားပါ။ ပြီးရင်း ပထမဆုံးစာကြောင်းကို ရွေးပေးလိုက်ပါ၊ reboot ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ super user ပေါ်နေတာကို တွေ့ရပါမယ်။

fig 02:>



Google app သွင်းဖို့အတွက် ဒီzipဖိုင်လေးကိုဒေါင်းပြီး အထက်မှာပြခဲ့ Root.zip ကိုသွင်းသလိုပဲ...
CWM ကနေသွင်းပါ။

Google App zip


အားလုံးအဆင်ပြေကြပါစေ။။။။။
ငလူ(Amara Super)
မှတ်ချက်။    ။ကူးယူမျှဝေချင်တယ်ဆိုရင်တော့...credit ပေးဖို့မမေ့နဲ့နော်...။